What/Why is BIM?
BIM ဆိုတာဘာလဲ။
BIM ဆိုတာ Building Information Modeling အတွက်အတိုကောက်ဖြစ်ပါသည်။ BIM သို့မဟုတ် Building Information Modeling သည် ယနေ့အချိန် မှာ ဆောက်လုပ်ရေးလုပ်ငန်း၏အစိတ်အပိုင်းတစ်ခုဖြစ်နေခဲ့ပါပြီ။ ၎င်းဟာ 3D မော်ဒယ်တစ်ခုအတွင်း အဆောက်အဦး တစ်ခုအားစီမံကိန်းရေးဆွဲခြင်း (planning)၊ ဒီဇိုင်းဆွဲခြင်း (Design) နှင့်တည်ဆောက်ခြင်း (Construction) တို့တွင်ပါ၀င်ပတ်သက်သူများနှင့် AEC(ဗိသုကာ၊ အင်ဂျင်နီယာ နှင့် ဆောက်လုပ်ရေး) ပညာရှင်များ အတူတကွပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းစဉ် (Process) ပဲဖြစ်ပါသည်။ BIM ကိုအသုံးပြုခြင်းအားဖြင့် ဗိသုကာပညာရှင်များ၊ ကန်ထရိုက်တာများ၊ စီမံကိန်းပိုင်ရှင်များနှင့်အခြားပါ ၀င်ပတ်သက်သောအဖွဲ့အစည်းများအား အပြီးသတ်စီမံကိန်းမည်သို့ဖြစ်မည်ကို မြင်ယောင် အောင်ပြသ နိုင်ပြီး Actual Modelတစ်ခု နှင့်ဆွေးနွေး ခြင်း ကြည့်ရှု ခြင်း ကြောင့် ပါ၀င်သူ အဖွဲ့ အစည်း များအားလုံးသည်ဖြစ်နိုင်ချေရှိသောissuesများကိုထောက်ပြပြီး အဆောက်အဦး မ ဆောက်မီတွင်ပင်ဖြေရှင်းနိုင်သည်။ဤသည်ကပဲအကုန်အကျများသောစီမံကိန်းနှောင့်နှေးခြင်းနှင့် ပြန်လည်ပြင်ဆင်တည်ဆောက်ရခြင်းများကိုရှောင်ရှားရန်ကူညီနိုင်သည်။
Photo Source: Google.com
ပဥ္စဂုဏံအဟံ ဝန္ဒာမိ - အနေန္တာအနန္တ(၅)ပါး ဦးထိပ်ထားလျှက်

No comments:
Post a Comment