What are the differences between BIM and Revit? (BIM နှင့် Revit အကြား ဘာကွာခြားလဲ?)
BIM ဆိုတာ 3D အဆောက်အဦပုံစံများကိုဖန်တီးကာ ညှိနှိုင်းဆောင်ရွက်မှူ(Coordinate) လုပ်နိုင်ပီး တခြားသော လုပ်ငန်းဆောင်တာတွေကိုပါ လိုအပ်သလို လုပ်ဆောင်သည့် လုပ်ငန်းစဉ်(process) သို့ နည်းစနစ်(Methodology) သို့ နည်းပညာ(Technology)တစ်ခုပဲဖြစ်ပါတယ်။
မှတ်ချက်။ ဒီကနေစပြီး BIM ကို လုပ်ငန်းစဉ်(process) တစ်အနေနဲ့ပဲ မှတ်ရလွယ်အောင် ရေးသားပါတော့မည်။
Revit ဆိုတာ BIM (Process) အတွက် Architectural ၊ MEP-(Mechanical, Electrical, Plumbing) and Structural နှင့် 3D ဒစ်ဂျစ်တယ် BIM မော်ဒယ် များကို ဖန်တီးရန်အတွက် ကမ္ဘာတစ်ဝှမ်းတွင် တွင်ကျယ်စွာအသုံးပြုနေသည့် ဆော့ဖ်ဝဲလ်အပလီကေးရှင်း (software applications)တစ်ခုပဲဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင်တော့ Revit ဆိုတာ BIM (Process) အောက်မှာရှိတဲ့ ဆော့ဖ်ဝဲလ်အပလီကေးရှင်း (software applications) များစွာထဲမှ တစ်ခုမျှသာဖြစ်ပါသည်။ Revit သည် BIM (Process) အောက်တွင် ရှိနေသော အဓိက အက်ပလီကေးရှင်း (Application) ဖြစ်သော်လည်း Revit ဖြင့်မလုပ်ဆောင်နိုင်သော (သို့) မထိရောက်သော အချို့သောလုပ်ဆောင်ချက်များကို လုပ်ဆောင်ရန် အခြားသော အပလီကေးရှင်းများရှိပါသေးသည်။ ဥပမာအားဖြင့်တော့ - Revit ကိုသုံးပြီး ကီလိုမီတာ များစွာ ရှိပြီး အရမ်းကိုရှည်လျားတဲ့ ရထားသံလမ်းအတွက် Underground Tunnel လိုမျိုး 3D Model ဆွဲလို့ အဆင်မပြေပါဘူး။ ဒါကြောင့် မဖြစ်မနေ တခြား software application နဲ့ ဆွဲရမှာပါ။ Google SketchUp, ArchiCAD, Civil 3D, AECOsim စသည့်တို့ကလဲ Revit နည်းတူ အသုံးပြုနိုင်တဲ့ BIM (Process) အောက်မှာရှိတဲ့ ဆော့ဖ်ဝဲလ်အပလီကေးရှင်း (software applications) တွေပဲ ဖြစ်ပါသည်။
Revit = Software application/ tools
BIM နှင့် Revit နှင့်ပတ်သက်ပြီး စိတ်ထဲဖြစ်ပေါ်နေတဲ့သံသယများ နဲ့ BIM နှင့် Revit တို့ကိုတူညီသည်ဟုယူဆချက်များအတွက် ဖြေရှင်းလင်းနိုင်ခဲ့ပြီးပြီလို့ထင်ပါတယ်
နောက်ထပ် BIM နဲ့ပါတ်သတ်ပြီး ကောင်းနိုးရာရာများထပ်တင်သွားဖို့
ကြိုးစားသွားပါမယ်
ပဥ္စဂုဏံအဟံ ဝန္ဒာမိ - အနေန္တာအနန္တ(၅)ပါး ဦးထိပ်ထားလျှက်
No comments:
Post a Comment