Followers

Tuesday, June 21, 2022

FIRE PROTECTION SYSTEM (မီးဘေးကာကွယ်ရေးစနစ်) - အပိုင်း (၁)

Fire Protection system အကြောင်းကို စမပြောခင် မီးဘယ်လိုဖြစ်လာတယ်ဆိုတာနဲ့ ဘယ်လို နည်းနဲ့ မီးသတ်လဲဆိုတာကို Fire Triangle နဲ့အနည်းငယ်မိတ်ဆက်ထားပါရစေ။ 


Fire Triangle

မီးလောင်မှုကို ဖြစ်စေတဲ့ အဓိက အခြေခံ သုံးခု ကတော့ Fuel (လောင်စာ), Oxygen (အောက်ဆီဂျင်လေ) နဲ့ Heat (အပူ) တိုပဲဖြစ်ပါတယ်။ အဲဒီ ၃ ထဲမှာ Chemical Reaction ထည့်ပေါင်းပြီး Fire Tetrahedron လို့လဲ အများက သတ်မှတ်ထားပါတယ်။ အဲဒီတော့ ကျွန်တော့တို့အနေနဲ့ မီးသတ်ဖို့ မီးငြိမ်းဖို့ ဆိုရင် အပေါ်က Triangle ထဲက တခုခုကို ဖယ်ထုတ်နိုင်ရပါလိမ့်မယ်။ 



" ရန်သူ ငါးပါးထဲမှာ xxxx အင်မတန် xxxx ဆိုးရွားလှတာ xxxx မညှာတာ xxxx ဘယ်သူ့မှ xxxx မထောက်တာ xxxx သူခိုးဓားပြထက်ဆိုးတဲ့ xxxx ရန်သူဟာ xxxx ဤဇဗ္ဗူတစ်ခွင်မှာ xxxx ရန်သူမီးကို xxxx အစဉ်အမြဲ xxxx သတိပြုပါ xxxx  "

ဆယ်စုနှစ် နှစ်ခုကျော်မျှ ကြာမြင့်ပြီဖြစ်သော “မီးသတိပြုပါ”သီချင်းကို တိုင်းကြားဖူးကြမယ်ထင်ပါတယ်။ နွေရာသီရောက်တိုင်း လူသားတို့ကို ခြောက်လှန့်နေသည့် အရာကား မီးဘေးအန္တရာယ်ပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ အဲဒီလို မီးကြောင့် အနာတရ ထိခိုက် ပျက်ဆီး ဆုံးရှုံးရတာ တွေကို တတ်နိုင်သမျှ ကာကွယ်နိုင်ဖို့ နိုင်ငံတိုင်းလိုလိုမှာ အဆောက်အဦးများအတွက် Fire Protection System (မီးဘေးကာကွယ်ရေးစနစ်) ကို စနစ်တကျ ထည့်သွင့်စဥ်းစားပြီး အသုံး အသုံးပြုလာကြပြီပဲဖြစ်ပါတယ်။  ကျွန်တော်တို့ရဲ့ အမိမြန်မာနိုင်ငံက အခုနောက်ပိုင်း ဆောက်တဲ့ အဆောက်အဦးများမှာလဲ ထည့်သွင်းအသုံးပြုနေကြတာ၀မ်းသာစရာပါ။  

Fire Protection System (မီးဘေးကာကွယ်ရေးစနစ်) မှာ အဓိကအားဖြင့် System အမျိုးအစား (၂) မျိုးခွဲခြားထားပြီး သူ့အောက်မှာတော့ သက်ဆိုက်ရာ Sub-System (၉) မျိုးထိ အောက် ဖော်ပြပါ အတိုင်း ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။

1. Active Fire Protection System 

i. Automatic Fire Sprinkler System 

ii. Rising Mains (Dry / Wet Risers) System 

iii. Fire Hydrant System 

iv. Fire Hosereel system 

v. Fire Suppression Systems 

vi. Potable Fire Extinguishers

vii. Engineering Smoke Control System  

 

2. Passive Fire Protection System

i. Electrical Fire Alarm System 

ii. Emergency Voice Communication System (One / Two Way) 

(ခြွင်းချက်အနေနှင့်  Active Fire Protection System က No. vii ကို တစ်ခါတစ်လေ ACMV Contractor တွေကို ပေးလေ့ရှိပြီး Passive Fire Protection System အောက်က No. ii ကို တော့ Electrical အောက်မှာထားပြီး Electrical Contractor ကို ပေးတပ်ဆင်စေလေ့ရှိပါတယ်။) 

Active Fire Protection system ကတော့ မီးလောင်ခဲ့ရင် တိုက်ရိုက်မီးငြိမ်းသတ်နိုင်တဲ့ systems တွေကို ခေါ်ဆိုတာဖြစ်ပြီး Passive Fire Protection system ကတော့ မီးကိုတိုက်ရိုက် မငြိမ်းသတ်နိုင်ပဲ မီးငြိမ်းသတ်မည့်သူ၊ မီးသတ်သမားတွေအတွက် အချက်အလက် အထောက်အကူပြုပေးတဲ့ System တွေကိုဆိုလိုပါတယ်။ (ဥပမာအားဖြင့်. မီးသတ်သမားတွေ အတွက် ဘယ်နေရာ ဘယ် zone ဘယ်အပိုင်းမှာမီးလောင်နေတယ် ဆိုတဲ့ အချက်အလက် (information) ကိုပြပေးတာကိုဆိုလိုပါသည်။)                                                                                                                   

 

                                                                                                                           အပိုင်း (၂) သို့ >>>>

 

Friday, June 10, 2022

M&E ဆိုတာဘာလဲ?


M&E ဆိုတာ Mechanical and Electrical ရဲ့အတိုကောက်ပါပဲ။ 

Construction နှင့် Engineering Fields မှာ အလုပ်ကိုင်နေသူအတွက်အထူးတလည်ပြောစရာမလိုပေမယ့် အခုမှကျောင်းပြီးမည့်သူများနှင့် လုပ်ငန်းခွင်၀င်ဖို့ ကြိုတင်ပြင်ဆင်နေသူများအတွက်သေချာ ရေးသားမျှ၀ေပေးလိုက်ပါတယ်။  M&E ဆိုတာ ဆောက်လုပ်ရေး (Construction) လုပ်ငန်းများ၊ အဆောက်အဦးများ၊ ဆေးရုံအလုပ်ရုံများ ကစပြီး  သင်္ဘော ကြီးများ အထိအတွင်းပိုင်းမှာထည့်သွင်းအသုံးပြုရတဲ့ System (သို့) Equipment လို့အကြမ်းဖျင်းပြောလို့ရပါတယ်။  M&E နယ်ပါယ်က ကျယ်ပြန့်လို့ ကျွန်တော့အနေနဲ့ Buildings နဲ့ Construction အောက်က အကြောင်းအရာတွေကိုပဲဦးစားပေးရေးသွားမှာဖြစ်လို့ Marine ပိုင်းကတချို့services တွေပါမှာမဟုတ်ကြောင်းလဲ ကြိုတင်စကားပလင်ခံထားပါရစေ။ M&E ရဲ့အခန်းကဏ္ဍ အရေးအရေးပါမှုတွေအကြောင်း မပြောခင် M&E System မှာပါတဲ့ Services လေးတွေဦးစွာမိတ်ဆက်ပေးပါမယ်။ ဒါမှလဲ လူနေမှုအဆင့်အတန်း သို့ လုံခြုံမှု နဲ့ သက်တောင့်သက်သာဖြစ်မှုတို့အတွက် M&E ရဲ့ပါ၀င်ပတ်သက်မှုကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်တွေးနိုင်မှာဖြစ်ပါတယ်။  

အပေါ်မှာပြောခဲ့သလို့ ပဲ M&E ကို Mechanical and Electrical ရယ်လို့ အဓိက ပိုင်းခွဲပါတယ်။ ဒါပေမယ့် တချို့နိုင်ငံ၊ company တွေမှာတော့ MEP လို့သုံးကောင်းသုံးနိုင်ပါတယ်။ သူ့ရဲ့ အဓိပ္ပါယ်ကတော့ Mechanical, Electrical and Plumbing (MEP) ပါပဲ။ တကယ်တော့ အသုံးအနှုန်းနဲ့ အခန်းကဏ္ဍခေါင်းစဥ်ပဲကွဲပြားသွားတာဖြစ်ပြီး သူတို့အောက်မှာရှိတဲ့ Services/Systems တွေကတော့ အတူတူပဲလို့မှတ်ယူနိုင်ပါတယ်။ ကဲM&E အကြောင်းဆက်ကြစို့ …. 

Mechanical System ရဲ့အောက်မှာတော့  

1. Air-conditioning and Mechanical Ventilation (ACMV) / Heating, Ventilation, and Air Conditioning (HVAC) 

2. Plumbing & Sanitary (P&S), Gas and Swimming Pool 

3. Fire Protection (FP)  

4. Industrial Utilities 

5. Vertical Transportation Systems 

6. Building Management System (BMS) / Building Automation Systems (BAS) 

7. Other Auxiliary Systems 

အမှတ်စဥ် 5 နဲ့ 6 ကို Building Operation Systems လို့သတ်မှတ်သူတွေရှိပေမယ့် ကျွန်တော်ကတော့ ပိုကျစ်လစ်ပြီး M&E အောက်၀င်နေစေဖို့ Mechanical အောက်မှာပဲထည့်ပြောလိုက်ပါတယ်။ 

Electrical Systems အောက်မှာတော့ 

1. Power 

2. Lighting 

3. Lightning Protection  

4. Network, Communication and Security Systems (or) Extra Low Voltage Systems (ELV)  တိုဖြစ်ကြပါတယ်။ 

ဒီလောက်ဆို M&E System အောက်မှာ ဘာ services တွေရှိပြီး လူနေမှုအဆင့်အတန်း သို့ လုံခြုံမှု နဲ့ သက်တောင့်သက်သာဖြစ်မှုတို့အတွက် M&E Systems ရဲ့ပါ၀င်ပတ်သက်မှုကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်တွေးနိုင်လောက်ပြီထင်ပါတယ်။ ကျွန်တော်တို့နေထိုင်ရာအိမ် အလုပ်ရုံဆေးရုံတွေမှာ M&E System သာမရှိခဲ့ရင် ကျွန်တော်တို့ဘယ်လိုပုံစံမျိုးဖြစ်နေကြမလဲ ဆက်တွေးကြည့်ကြစေချင်ပါတယ်။  နောက် post တွေမှာ  အထက်ဖော်ပြပါ services တွေကို အသေးစိတ်ဆက်လက်ရေးသားမျှ၀ေသွားမှာမို့ အားပေးကြပါဦးလို့ပြောရင်း နှုတ်ဆက်ပါတယ်ဗျာ..  



ပဥ္စဂုဏံအဟံ ဝန္ဒာမိ - အနေန္တာအနန္တ()ပါး ဦးထိပ်ထားလျှက်   

 

FIRE PROTECTION SYSTEM (မီးဘေးကာကွယ်ရေးစနစ်) - အပိုင်း (၁) Fire Protection system အကြောင်းကို စမပြောခင် မီးဘယ်လိုဖြစ်လာတယ်ဆိုတာနဲ့ ဘယ်လို ...